တန့်ယန်းမြို့နယ်တွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး နှစ်ပါးအား ကြိုဆိုပင့်ဆောင်ရန် ညှိနှိုင်းဆွေးနွေး
Jan 30,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမိန့်ကြော်ငြာစာ အမှတ်(၁/၂၀၂၅)ဖြင့် ချီးမြှင့်ဆက်ကပ်ခြင်းခံရသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ကြီး တစ်ပါးနှင့် သဒ္ဓမ္မဇောတိကဓဇ ဆရာတော် တစ်ပါးတို့အား ကြိုဆိုပင့်ဆောင်နိုင်ရန်အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။