မြို့သစ်မြို့နယ်တွင် မဲခေါင်-လန်ချန်းအစီအစဥ်ဖြင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာသင်တန်းဖွင့်လှစ်
Jan 29,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် "မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်အရ မြန်မာနိုင်ငံအပူပိုင်းဇုန်တွင် သီးနှံများပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေသည့်အကြောင်းအရင်းများကို လေ့လာဆန်းစစ်ခြင်းစီမံကိန်းဖြင့် မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနကကြီးမှူးဖွင့်လှစ်သည့် "စိုက်ပျိုးရေးဆိုင်ရာနည်းပညာ"သင်တန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ စိုက်ပျိုးရေးပညာပေးရေးနှင့်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့ နံနက်(၉)နာရီက ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။