သတင်းများ

ရွှေကျင်မြို့နယ်၊ ပျဉ်းမပင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ
Jan 30,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပျဉ်းမပင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်း‌ကျောင်း(ခွဲ)တွင် လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် (၁၀) နာရီအချိန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရကျွေးမွေး
Jan 30,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/သူများကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းအာဟာရကျွေးမွေးခဲ့ကြသည်။
တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် (၂၈) ကြိမ်မြောက် နေ့ညအသံမစဲ မဟာဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Jan 30,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်ငယ်တော်ကျေးရွာတွင် (၂၈) ကြိမ်မြောက် နေ့ညအသံမစဲမဟာဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် (၉) နာရီက အဆိုပါကျေးရွာ ရွာလည်မြတစ်သိန်း ကိုးထောင်ပြည့် ဓမ္မာရုံအတွင်း၌ ကျင်းပကြောင်းသိရသည် ။
ကျောက်ဆည်မြို့နယ် အခြေခံသမဝါယမအသင်း (၆၃) သင်းမှ အသင်းသားတောင်သူ (၂၃၃၉) ဦးမှ ဆောင်းနေကြာ (၈၇၈၄) ဧက စိုက်ပျိုး
Jan 30,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံရေး ဆောင်းဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်း သီးနှံများ စိုက်ပျိုးကြကြောင်းနှင့် အခြေခံသမဝါယမအသင်း (၆၃) သင်းမှ အသင်းသားတောင်သူ (၂၃၃၉) ဦးက ဆောင်းနေကြာ (၈၇၈၄) ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Jan 30,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများ ဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများပူးပေါင်းကာ ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် သံဃနာယကအဖွဲ့အနားယူခြင်း၊ ပြန်လည်ရွေးချယ်ခြင်းနှင့် အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင် (ဆဋ္ဌမ) အစည်းအဝေးအခမ်းအနား ကျင်းပ
Jan 30,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သံဃနာယကအဖွဲ့အနားယူခြင်း၊ ပြန်လည်ရွေးချယ်ခြင်းနှင့် အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင် (ဆဋ္ဌမ) အစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ရန်မျိုးအောင်ရပ်ကွက် သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ်ကျောင်းတိုက် မဟာဝိဇယဓမ္မဗိမာန်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်
Jan 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဇန်နဝါရီလ(၂၈)ရက်နေ့နံနက်ပိုင်းက KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ (ပထမအကြိမ်)ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပုလောမြို့နယ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Jan 30,2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေတွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ  ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။