သတင်းများ

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ၂၀၂၅ ခုနှစ် မြွေနှစ် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် စုပေါင်းကန်တော့ခြင်းနှင့် နှစ်သစ်ကူးမင်္ဂလာအခမ်းအနား တက်ရောက်
Jan 29,2025
၂၀၂၅ ခုနှစ် မြွေနှစ် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် စုပေါင်းကန်တော့ခြင်းနှင့် နှစ်သစ်ကူးမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဘားအံကျန့်တိတ်ဗုဒ္ဓဘာသာဘုရားကျောင်း၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
ကော့မှူးမြို့နယ်၌ မျက်စိခွဲစိတ်ကုသရမည့် လူနာများအား ကူညီပို့ဆောင်ပေး
Jan 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် "မရှိ၍ မလင်းသူ မရှိစေရ" ကုသရေးအစီအစဉ်တွင် မျက်စိခွဲစိတ် ကုသရမည့်မျက်စိဝေဒနာရှင်လူနာများ ဆေးရုံတက်ရောက်ကုသနိုင်ရန် ကော့မှူးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဦးဆောင်၍ ဗဟန်းအမျိုးသမီးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်‌စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းနေ့လယ်စာအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်
Jan 29,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း‌ နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
တောင်ကြီးမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jan 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ မြသီရိခန်းမ၌ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပသည်။
ရွှေတောင်မြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 29,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာအထက်တန်း(ကြာနီကန်)ကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရွှေတောင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျောချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
မော်လိုက်မြို့ အ.ထကနှစ်(၁၀၀)ရာပြည့်ပွဲတော် ကျင်းပ
Jan 29,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့ အ.ထ.ကနှစ်(၁၀၀)ရာပြည့် ပွဲတော်ကို ယနေ့ နံနက်(၉)နာရီအချိန်က အ.ထ.ကစုဝေးကွင်းတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကျောင်းသားဟောင်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဇလွန်မြို့ မြို့မဈေးသစ်တွင် အခြေခံစားသောက်ကုန်ကြက်ဥတစ်လုံးလျှင် (၃၇၀)ကျပ်နှုန်းဖြင့် အလုံး(၂၀၀၀) ရောင်းချပေး
Jan 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် အခြေခံအိမ်ထောင်စုများအား ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၈ နာရီတွင် မြို့မဈေးသစ်တွင် ရောင်းချပေးခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်ကျက်သရေဆောင် အောင်ဗောဓိဆုတောင်းပြည့်စေတီတော်အပြင်လိုဏ်အား အကြီးစားပြင်ဆင်နိုင်ရေးအတွက် ဒုတိယအကြိမ် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
Jan 29,2025
ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်ကျက်သရေဆောင်အောင်ဗောဓိဆုတောင်းပြည့်စေတီတော် အပြင်လိုဏ်အား အကြီးစားပြင်ဆင်နိုင်ရေးအတွက် ဒုတိယအကြိမ်အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီက ကျင်းပသည်။