ရှမ်းရွာသစ်မြို့တွင် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 30,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဖြင့် တည်ဆောက်ကာကွယ်မည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရန်၊ ပြည်ထောင်စုစိတ် ဓာတ်ရှင်သန်ခိုင်မာပြီး၊ လူမှုဘဝစံနှုန်းများကို ထိန်းသိမ်းမြှင့်တင်နိုင်သည့် နိုင်ငံ့သားကောင်းရတနာလေးများပေါ်ထွန်းရန်၊ အမျိုးသားပညာရေးမြင့်မားစေရေး မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်စေရန် စသည့် ပညာရေးစုံညီပွဲတော်၏ ရည်မှန်းချက်များနှင့်အညီ ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၆)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။