ရတနာပုံတက္ကသိုလ်၌ ကြက်ခြေနီမိတ်ဆက်သင်တန်း ဆွေးနွေးရှင်းလင်းပွဲ ပြုလုပ်
Jan 29,2025
အမရပူရမြို့နယ်ရှိပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန၊ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရတနာပုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ကြက်ခြေနီမိတ်ဆက်သင်တန်း ဆွေးနွေးရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အမရပူရခန်းမ၌ ပြုလုပ်သည်။