ဆိပ်ဖြူ ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြင်ကဝကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဧက(၁၀၀)၌ ဆောင်းသီးနှံကုလားပဲ စံပြစိုက်ခင်းများစိုက်ပျိုးဆောင်ရွက်ထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းတွင် မိုးစပါးစိုက်တောင်သူများသီးထပ်စိုက်ပျိုးခြင်း ဆောင်းသီးနှံကုလားပဲကို အများဆုံးစိုက်ပျိုးဆောင်ရွက်ခဲ့ကြသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်းသီးနှံကုလားပဲအထွက်နှုန်းတိုးတက်ရေးနှင့် ဒေသခံတောင်သူများမိသားစုဝင်ရရှိစေရန် ကုလားစံပြစိုက်ခင်းဆောင်ရွက်လျက်ရှိသည့်အနက် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင် ဧက(၁၀၀) ကုလာပဲစံပြစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်းသီးနှံကုလားပဲကို (၅၅၅၈)ဧက စိုက်ပျိုးဆောင်ရွက်ထာရှိပြီး အောင်မြင်ဖြစ်ထွန်းကြောင်း၊ ယခင်နှစ် ကုလားပဲပေါ်ရာသီ၌ ကုလားပဲ(၁)တင်းလျှင် (၉၀၀၀၀)ကျပ်အထိရရှိခဲ့ပြီး ဒေသခံတောင်သူများအနေဖြင့် ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုမှ ဈေးကောင်းရရှိနိုင်မည်ဟု ခန့်မှန်းမျှော်လင့်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။
စိုးလင်းနိုင်(IPRD)