တန့်ယန်း ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ အမိန့်ကြော်ငြာစာ အမှတ်(၁/၂၀၂၅)ဖြင့် ချီးမြှင့်ဆက်ကပ်ခြင်းခံရသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ကြီး တစ်ပါးနှင့် သဒ္ဓမ္မဇောတိကဓဇ ဆရာတော် တစ်ပါးတို့အား ကြိုဆိုပင့်ဆောင်နိုင်ရန်အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် မဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တကောလိယ ထံမှ ဩဝါဒကထာ နာယူသည်။
ယင်းနောက် ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးများ၊ တပည့်ဒါယကာများ၊ ဂေါပကအဖွဲ့များမှ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကာ လုပ်ငန်းကော်မတီအဖွဲ့များ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)