နမ့်စန်မြို့နယ် ကုန်းဆာကျေးရွာတွင် သစ်တော၊ ရေသံယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော

နမ့်စန်() ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက နောင်ဟီးကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လွိုင်လင်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မျိုးက သစ်ပင်သစ်တောများထိန်းသိမ်းရေး၊ ရေသယံဇာတ များထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့် မီးခိုးမြူငွေ့များ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာပုံနှင့် မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့ကြောင့်ဖြစ်ပေါ်နိုင်သည့်ဆိုးကျိုးများ၊ ကာကွယ်ရေးနည်းလမ်းများနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးဟောပြော၍ အသိပညာပေး Video Clip များ ပြသရှင်းလင်းခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးကျော်ကျော်သာနှင့် ဝန်ထမ်းများ ၊ ကုန်းဆာကျေးရွာမှ ကျေးရွာနေပြည်သူများ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)