သတင်းများ

ပလောက်မြို့တွင် Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
Jan 30,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် Pfizer ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီကစ၍ ပလောက်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ‌နွေစပါးစိုက်ပျိုးရန် ပေါင်စနစ်ဖြင့်ပျိုးထောင်
Jan 30,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် သီးနှံမျိုးစုံ ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် နွေစပါးစိုက်ပျိုးရန် ပေါင်စနစ်ဖြင့် ပျိုးထောင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အမရပူရမြို့နယ်၊ တောင်ကြီးရပ်ကွက်၌ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်
Jan 30,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တောင်ကြီးရပ်ကွက် ဓမ္မာရုံဝန်းအတွင်း၌ အမရပူရမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်း၏ ကြီးကြပ်မှုဖြင့် ဒုလဝကမှူး ဒေါ်ချိုသန္တာလွင် ဦးဆောင်သောအဖွဲ့မှ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်ပိုင်း တောင်ကြီးရပ်ကွက်မှ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၂၈ ရက် နံနက် (၉) နာရီက အင်းစိန်မြို့နယ်ရှိ ရပ်ကွက်များအတွင်း သတ်မှတ်နေရာများတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများ ဓာတ်မြေဩဇာပေးအပ်ပွဲနှင့် ဆောင်းသီးနှံများအတွက် ဓာတ်မြေဩဇာရောင်းချပွဲ အခမ်းအနားကျင်းပ
Jan 30,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းရန်၊ ဝါသီးနှံအထွက်နှုန်းကောင်းမွန်စေရန်နှင့် အရည်အသွေးပြည့်ဝသော ဝါမျိုးကောင်းမျိုးသန့်များရရှိစေရန်အတွက် မိုးချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများ ဓာတ်မြေဩဇာပေးအပ်ပွဲနှင့် ဆောင်းသီးနှံများအတွက် ဓာတ်မြေဩဇာရောင်းချပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် နေအိမ်များအား အားဖြည့်မွမ်းမံခြင်းဆောင်ရွက်
Jan 30,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာနှင့် ရွှေဟင်္သာကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာတို့တွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် နေအိမ်များအား အားဖြည့်မွမ်းမံဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
နမ့်စန်မြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ
Jan 30,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲ(မြို့နယ်အဆင့်)ကို ယနေ့နံနက် ၉နာရီက အ.ထ.က(နမ့်စန်)တွင် ဆောင်ရွက်ခဲ့သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း ပညာရည်ချွန်ဆုပေးပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကျင်းပ
Jan 30,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း ပညာရည်ချွန်ဆုပေးပွဲနှင့် ပဒေသာကပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။