သတင်းများ

(၄၂)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာဂိုဏ်းပေါင်းစုံ မွန်/မြန်မာ ဝိနယာနုဂ္ဂဟစာတော်ပြန်ရေးဖြေပွဲကြီး(ဒုတိယနေ့)ကျင်းပ
Jan 30,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၄၂)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ ကျောင်းထိုင်ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော မွန်/မြန်မာ ဝိနယာနုဂ္ဂဟ စာတော်ပြန်ရေးဖြေပွဲကြီး(ဒုတိယနေ့)ကို ယနေ့မွန်းတည့်(၁၂)နာရီက ဓမ္မရာဇိန်ကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်သည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ
Jan 30,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အခြေခံပညာဦးစီးဌာနမှကျင်းပသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ဇန်နဝါရီလ ၃၀ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်က အထက(၂)ကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ ကျောင်းတွင်းအာဟာရကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jan 30,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြုလုပ်သည်။
ဝေါမြို့နယ်၊ ထိန်တပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြဆောင်ရွက်
Jan 30,2025
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ထိန်တပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသတွင် ဝဥကိုစီးပွားဖြစ် တိုးချဲ့စမ်းသပ်စိုက်ပျိုးမှု အောင်မြင်
Jan 30,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး နှစ်ရှည်သီးနှံများကိုသာ ရွေးချယ်စိုက်ပျိုးခဲ့ကြရာမှ ဝဥကို စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာခဲ့ရာ အောင်မြင်မှုများ စတင်ရရှိနေပြီဖြစ်ကြောင်း သိရသည်။
သထုံမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 30,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီမှ စီစဉ်ကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က ဘင်လှိုင်ရပ်ကွက်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ
Jan 30,2025
ကရင်ပြည်နယ်၊ မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၂၉ ရက်နေ့က အဆိုပါကျောင်းဝင်းတွင်  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့တွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများအား (၁)ပိဿာ ငွေ(၈၃၇၅)ကျပ်ဖြင့် စားအုန်းဆီ (၁၄၂၅၈) ပိဿာ ရောင်းချပေး
Jan 30,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်း ပြည်သူများ စားသုံးဆီ အခက်အခဲမရှိစေရေး  ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်တွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဝန်ထမ်းများအား (၁) ပိဿာငွေ (၈၃၇၅) ကျပ်နှုန်းဖြင့် စားအုန်းဆီ (၁၄၂၅၈) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။