ပလောက်မြို့တွင် Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

ပလောက် ဇန်နဝါရီ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် Pfizer ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီကစ၍ ပလောက်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၁၈) နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူများအား Pfizer ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဒေါက်တာ ရဲမြင့်ဟိန်း၊ ကျန်းမာရေးဆရာမ ဒေါ်မိနုထွေးနှင့်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ရာခိုင်နှုန်း ပြည့်မီရေးအတွက် နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းကို (၃၁-၁-၂၀၂၅) ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)