နမ့်စန်မြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ

 နမ့်စန်(တ) ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲ(မြို့နယ်အဆင့်)ကို ယနေ့နံနက် ၉ နာရီက အ.ထ.က(နမ့်စန်)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အလယ်တန်း၊ အထက်တန်းဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲကျင်းပနေမှုကို ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၈) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)