ပုလော ဇန်နဝါရီ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer(Grey Cap) Comimaty Omicro XBB1.5 ကို ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးမှူး ဒေါက်တာပြုံးချိုကကြီးကြပ်၍ မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကျန်းမာရေးဌာနခွဲ၊ ဆရာမနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer (Grey Cap) Comimaty Omicro XBB1.5 အား လက်ရှိတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း၍ ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ မှတ်တမ်း ရေးသွင်းခြင်းတို့ကို ဆောင်ရွက်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။
အေးအေးမော်(ပုလော)