မိုင်းဆတ်မြို့၊ အ.လ.က(နားကော)၌ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း(နားကော)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားကို တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပြီး အခြေခံပညာအလယ်တန်းကျောင်း(နားကော)မှ ကျောင်းသား၊ ကျောင်းသူလေးများက "ဘက်စုံပညာကိုယ်ရည် တို့လှမ်းချီ" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်‌ရေးမှူး ဦးတင်ဆွေမြင့်က အဖွင့်အမှာစကား‌ပြောကြားရာတွင် ယခုပညာ‌ရေးစနစ်သစ်တွင် အဆင့်အတန်းမြင့်မားသော ပဉ္စဂံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မိဘ၊ ဆရာ၊‌‌ ကျောင်းသား၊ ကျောင်းသူ၊ ရပ်ရွာပူး‌ပေါင်းပါဝင်မှုနှင့် ဌာနဆိုင်ရာပူး‌ပေါင်းပါဝင်မှုတို့လိုအပ်‌ကြောင်း‌ ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်က အမှာစကားပြောကြားပြီး အခြေခံပညာအလယ်တန်းကျောင်း(နားကော)မှ ကျောင်းအုပ်ဆရာကြီး ဦးပြုံးကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဉီးတင်ဆွေမြင့်နှင့် တာဝန်ရှိသူတို့က မြို့နယ် အဆင့်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားရေးထူးချွန်ဆုရ ဆရာမများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူရှင်များက ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဉီးပြုံးကြည်က လက်ခံရယူပြီး  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း(နားကော)မှ ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)