ပုသိမ် ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေး(၁/၂၀၂၅)ကို ဇန်နဝါရီလ (၂၈)ရက်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ရှင်းလင်းဆွေးတင်ပြရမည့် အမှုတွဲများကို ရှင်းလင်းဆွေးနွေးတင်ပြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများတွင် ပြည်သူများနစ်နာမှုမရှိစေရေးနှင့် မြေသိမ်းမှုပြသာနာများ အလျင်အမြန် ဖြေရှင်းပေးနိုင်ရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအနေဖြင့် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ရပ်/ကျေးအဆင့်အဖွဲ့များ ဖွဲ့စည်းထားရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် မြေသိမ်းဆည်းမှု ပြဿနာများကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအစည်းအဝေးတွင် အမှုတွဲ(၉)တွဲ ထပ်မံတင်ပြ ဆွေးနွေးမည်ဖြစ်ပြီး ရရှိလာသည့် ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များနဲ့အတူ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်သွားရမည် ဖြစ်သည့်အတွက် တက်ရောက်လာကြသည့် ကော်မတီဝင်များမှ ဝိုင်းဝန်းဆွေးနွေး အကြံပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူးက ယခုလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ပေးပို့လာသည့် အမှုတွဲများအပေါ် ဆောင်ရွက်ထားမှုအခြေအနေများ၊ ယခင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ပေးပို့လာသည့် အမှုတွဲများအပေါ် ဆောင်ရွက်ထားမှုအခြေအနေများ၊ ဆောင်ရွက်ရန်ကျန်ရှိသည်များ၊ အမှုပိတ်သိမ်းနိုင်မည့် အမှုတွဲများအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များက အမှုတွဲကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်လက်ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)