မိုင်းခတ်မြို့နယ်၌ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ စျေးပြိုင်စနစ်ဖြင့် ရောင်းချ

မိုင်းခတ် ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ စျေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်စိုးလင်းက အမှာစကားပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအားဝေက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးဌာန၏ လိုင်စင်စည်းကမ်းချက်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအကြောင်း ရှင်းလင်းပြောကြားကာ စည်ပင်သာယာရေးဌာန၏ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (၃) ခုအနက် မြို့မ(ဝက်)သားသတ်လိုင်စင်၊ မြို့မ(အမဲ) သားသတ်လိုင်စင်၊ မြို့မ‌ဈေးပျံကျ‌ ဈေးကောက်လိုင်စင်လုပ်ငန်းများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့ပြီး လုပ်ငန်းရှင်များက အသီးသီးဝယ်ယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)