အမရပူရ ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်ကြီးရပ်ကွက်နှင့် ရွှေစာရံဘုရားအနီး တောတွင် ကျေးရွာရယကရုံးတို့၌ အထွေထွေ ရွေးကောက်ပွဲမဲစာရင်း၌ e-ID အိမ်ထောင်စုစာရင်းနှင့် ပဉ္စမအကြိမ်မူကြမ်းတို့၌ ပါဝင်သော အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းများအား စာရင်းအရ အမည်ရှိသော်လည်း မြေပြင်တွင် အကြောင်းအမျိုးမျိုးကြောင့် အမှန်တစ်ကယ် မရှိသည့် စာရင်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုကို တောင်ကြီးရပ်ကွက်တွင် တိုက်နယ်မှူး၊ ဒုလဝကဦးစီးမှူး ဒေါ်ခင်ချိုသန္တာလွင် ဦးစီး၍လည်းကောင်း၊ ကျေးရွာတွင် တိုက်နယ်မှူး လဝကမှူး ဒေါ်ခင်ခင်စန်း ဦးဆောင်၍လည်းကောင်း၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ပရဟိတ္တအဖွဲ့များနှင့်အတူ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)