တိုင်းဒေသကြီးဝန်ကြီးချုပ်၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် သင်ကြားပို့ချနေမှုများကို ကြည့်ရှုအားပေး
Jan 30,2025
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မအူပင် တက္ကသိုလ်များမှ ဆရာ၊ ဆရာမများက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ များအား သင်ကြားပို့ချလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူ များသည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ပုသိမ်တက္ကသိုလ်မှ ပါမောက္ခက သင်္ချာဘာသာရပ်အား သင်ကြားပို့ချနေမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့သည်။