သံတောင်ကြီးဒေသတွင် ဇရစ်ရိုးများ လိုက်လံချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ
Jan 31,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသောဒေသဖြစ်ပြီး ဉယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုသောနွေရာသီအချိန်တွင် အလုပ်အကိုင်များ ရှားပါးလာသည်နှင့် အားလျော်စွာ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် ဉယျာဉ်ခြံအတွင်းရှိ ချောင်းငယ်များ၏ ဘေးပတ်ဝန်းကျင်တစ်လျောက်နှင့် လယ်ကွက်များတွင် သဘာဝအတိုင်း ပေါက်ရောက်သည့် ဇရစ်ရိုးများကို လိုက်လံချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။