ကော့မှူး ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သွင်းအားစုကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး သွင်းအားစုများပေးအပ်ပွဲကို ကြာကန်ကျေးရွာ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုထွေးနှင့်တာဝန်ရှိသူများက အသင်းသားတောင်သူများထံ သွင်းအားစုများပေးအပ်ခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် နွေစပါးစိုက်ပျိုးမည့် အသင်းနှစ်သင်း အသင်းသား(၆၁)ဦး စိုက်ပျိုးဧက(၆၇၀)ဧကအတွက် ပံ့ပိုးငွေကျပ် (၁၃၄.၀၀)ကျပ်သန်းနှင့်ညီမျှသော သွင်းအားစုများအား တောင်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)