ကော့ကရိတ် ဇန်နဝါရီ ၃၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကျောင်းနေအရွယ် အနာဂတ်မျိုးဆက်သစ် KG ကျောင်းသား/ သူများအားလုံး ကျန်းမာကြံ့ခိုင်မှုရှိစေရေး၊ အာဟာရပြည့်ဝစေရေး၊ ဉာဏ်ရည်မြင့်မားပြီး လူမှုပတ်ဝန်းကျင်၌ ထူးချွန်ထက်မြက်သော သားကောင်းရတနာလေးများ ဖြစ်ပေါ်လာစေရေး အတွက် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ် (၆) အခြေခံမူလတန်းလွန်ကျောင်းတွင် ကျွေးမွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အာဟာရများကျွေးမွေးရာတွင် အမှတ် (၆) အခြေခံပညာမူလွန်ကျောင်းရှိ တာဝန်ခံဆရာ/ မများနှင့် ကျောင်းသားမိဘများမှ အသားဓါတ်၊ ကစီဓါတ်၊ အဆီဓါတ်၊ ဗီတာမင်သတ္တုဓါတ်နှင့် ရေဓါတ်များ ပါဝင်သည့် အာဟာရဖြစ်စေသော ထမင်း၊ ကြက်သားနှင့်ရွှေဖရုံသီးဟင်း၊ ကြက်ဥပြုတ်၊ ငှက်ပျောသီး စသည့်အစားအစာများကို KG၊ Grade-1 မှ Grade-8 အထိ စုစုပေါင်းကျောင်းသား/ သူ (၇၀) ဦးတို့အား အာဟာရများကျွေးမွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)