သန်လျင်၌ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်
Jan 31,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး၊ မီးလောင်မှု၊မီးလန့်မှု မဖြစ်ပွားစေရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညပိုင်းက မီးသတ်ဦးစီးဌာနမှ လက်ယက်စမ်းကျေးရွာအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့သည်။