သတင်းများ

ဟားခါးမြို့၌ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲများကျင်းပ
Jan 31,2025
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ စားတင်တင်းနစ်များကို ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်နှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းများတွင် ကျင်းပပြုလုပ်ရာ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဟားခါးတက္ကသိုလ်၌ အဆင့်မြင့် စာပေပြိုင်ပွဲအဖြစ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲ ပြုလုပ်ခဲ့သည်။
ခန္တီးမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
Jan 31,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၊ မိခင်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့က ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော
Jan 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အ.ထ.က(ခွဲ) အောက်ပိုင်းကျောင်း၌ သစ်တောဦးစီးဌာနက ကြီးမှူး၍ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ်တွင် အလင်းမေတ္တာစာကြည့်တိုက်ဖွင့်ပွဲကျင်းပ
Jan 31,2025
 (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ မတည်ငွေကျပ်သိန်း(၁၅၀)နှင့်ဆောက်လုပ်ခဲ့သည့် ပျော်ဘွယ် မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာ အလင်းမေတ္တာစာကြည့်တိုက်ဖွင့်ပွဲကို ယနေ့မွန်းလွဲ (၁)နာရီက အဆိုပါစာကြည့်တိုက်ရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရမည်းသင်းမြို့၊ အင်တိုင်းကျေးရွာ၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “အင်တိုင်းနှလုံးသား” စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ
Jan 31,2025
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “အင်တိုင်းနှလုံးသား” စာကြည့်တိုက်ကို ဇန်နဝါရီ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်က အင်တိုင်းကျေးရွာ၌ ဖွင့်လှစ်သည်။
ကျောက်ဆည်မြို့ လမ်းပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ပတ်လည်အခမ်းအနားနှင့် ဆုနှင်းသဘင်အခမ်းအနားကျင်းပ
Jan 31,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ယနေ့မွန်းလွဲ (၁၂) နာရီက လမ်းပြကြယ် ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ပတ်လည်အခမ်းအနားနှင့် ဆုနှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲကျင်းပ
Jan 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းကို ထန်းတပင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင်ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့မွန်းလွဲပိုင်းက သင်တန်းဆင်းပွဲကို အဆိုပါရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ခန္တီးမြို့၌ ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲပြုလုပ်
Jan 31,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ယမန်နေ့က၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ.မ.က(၅)အောင်သာ ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။