သတင်းများ

ကျောက်ပန်းတောင်မြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံယာ့ဝန်ဆောင်အစည်းအဝေး ကျင်းပ
Jan 31,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်မြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ (၂၅%) အနားယူခြင်း၊ အစားထိုးရွေးခြယ်ခြင်းအခမ်းအနားကို၊ ဇန်နဝါရီ (၃၀) ရက်နေ့ မွန်းလွဲ(၁)နာရီက မြို့ဦးအောင်စေတီဘုရားကြီးဝန်းရှိ စကားဝါဓမ္မဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် အဆင့်မြင့် သီရိမင်္ဂလာဈေးသစ် တည်ဆောက်ရေးလုပ်ငန်းများ၊ မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် စက်သုံးဆီအရောင်းဆိုင်များ၊ တက္ကသိုလ်ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး
Jan 31,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ခရီးသွားလာမှုလုံခြုံချောမွေ့စေရေး စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ အဆင့်မြင့်သီရိမင်္ဂလာဈေးသစ် တည်ဆောက်ရေး၊ မြို့အဝင်စစ်ဆေးရေးဂိတ်၊ စက်သုံးဆီအရောင်းဆိုင်များနှင့် တက္ကသိုလ်ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဖြူးမြို့နယ်၌ ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြော
Jan 31,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား/ကျောင်းသူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာများသိရှိစေရေးအတွက်ရည်ရွယ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဖြူးမြို့နယ်သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှုသဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး​ ဟောပြော​ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(၁)ကျောင်း ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေ၊ သစ်တောမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ၌ ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် နိုင်ရေးနှင့် ထပ်မံကျူးလွန်မှုများမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 31,2025
မန္တလေးတိုင်း‌ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် လယ်ယာမြေ၊ သစ်တောမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ၌ ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးနှင့် ထပ်မံကျူးလွန်မှုများမရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့၊ အမှတ် (၄) ရပ်ကွက်၌ ကျောင်းနေအရွယ်ကလေးများ အာဟာရ ဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်း အာဟာရကျွေးမွေး
Jan 31,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၄) ရပ်ကွက်တွင် ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာန၊ အမှတ် (၄) ရပ်ကွက်၊ အ.လ.ကခွဲ (ဝါးဇွမ်းအုပ်)ကျောင်းတို့ ပူးပေါင်း၍ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက အ.လ.က (ခွဲ)  ဝါးဇွမ်းအုပ် ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
မိုးနဲမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ လည်ပတ်စီမံကိန်းရန်ပုံငွေထုတ်ချေး
Jan 31,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာနှစ်ရွာအတွက် မြစိမ်းရောင်ကျေးရွာ အရင်းမပျောက်လည်ပတ် ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက နမ့်မော်လေကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်းမြို့၊ အ.ထ.က(တုန်ဟုန်း)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 31,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူလေများက ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။
Polytechnic University (ပင်လုံ)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Jan 31,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ရှိ Polytechnic University (ပင်လုံ)တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ဒုတိယပါမောက္ခချုပ် ‌ဒေါက်တာ ထွန်းမြင့် တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။