ကျောက်ဆည် ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ရွှေစေတီဘုန်းတော်ကြီးကျောင်း အမစာရံသီဓမ္မာရုံကြီးတွင် ယမန်နေ့မွန်းလွဲ (၁) နာရီက အဌမအကြိမ် မြို့နယ်သံဃာ့နာယကအဖွဲ့မှ လစ်လပ်သွားသည့် မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ အစားထိုးရွေးချယ်နိုင်ရေး သတ္တမအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး အစည်းအဝေးသဘာပတိဆရာတော် ဘဒ္ဒန္တဝါသဝသိရီ တိုင်းဒေသကြီးသံဃာနာယကအဖွဲ့ အကျိုးတော်ဆောင် သာသနဇောတိကာရုံကျောင်း၊ ဘုရားကြီးတိုက်ချမ်းမြသာစည်၊ မန္တလေးဆရာတော်ကက ဩဝါဒကထာမြွတ်ကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးခင်မောင်ဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်းနှင့် ဘဒ္ဒန္တဃောသိတတိုင်းဒေသကြီး သံဃာနာယကအဖွဲ့၊ အဖွဲ့ဝင် မင်းကုန်းကျောင်းတိုက် မြစ်သားမြို့နယ် ဆရာတော်မှ မြို့နယ်သံဃာတန်ဆောင်အဖွဲ့မှ အနားယူသွားသည့် ဆရာတော်ကြီးများ၏ ဘွဲ့အမည်စာရင်းများကို ကြေညာခဲ့သည်။
ဆက်လက်ပြီး လစ်လပ်သွားသည့် မြို့နယ်သံဃာဝန်ဆာင်အဖွဲ့တွင် ပြန်လည်ဖွဲ့စည်းနိုင်ရေး မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် ဆရာတော်ကြီးများ၏ အမည်စာရင်းများကို အစည်းအဝေး တက်ရောက်လာသည့် ဆရာတော်များက တင်သွင်းခဲ့ပြီး သဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားခဲ့ပြီး အစည်းအဝေးအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်းရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)