သတင်းများ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကျောင်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲများ ကျင်းပ
Jan 31,2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ကျောင်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မြင်းခြံမြို့ စည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းနှင့် အသိပညာပေး ဟောပြော
Jan 31,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မီးသတ်ဦးစီးဌာနမှ မြင်းခြံမြို့ စည်ပင်ယာသာဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် (၈) နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇/၂၀၂၄) သင်တန်းဆင်းပွဲ ကျင်းပ
Jan 31,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၇/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့က အမှတ်(၁၁)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ထက်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မြန်မာ့ယဉ်ကျေးမှု ပြက္ခဒိန်ရာဇဝင်စာတမ်းနှင့် မြို့တော်မန္တလေးနှင့်မြန်မာဗိသုကာဒီဇိုင်း စာတမ်းဖတ်ပွဲကျင်းပ
Jan 31,2025
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး မြန်မာ့ယဉ်ကျေးမှု ပြက္ခဒိန်ရာဇဝင်စာတမ်းနှင့် မြို့တော်မန္တလေးနှင့် မြန်မာဗီသုကာဒီဇိုင်းစာတမ်းဖက်ပွဲကို Community Centre တွင် ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်နှင့် မီးခိုမြူငွေ့လျှော့ချရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Jan 31,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျှော့ချရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉) နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကြက်သွန်ခင်း- ၂ ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 31,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သဖန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို အဆိုပါ ကျောင်းရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
ကရင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jan 31,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။