လိပ်သိုဒေသရှိ နနွင်းတက်များ တူးဖော်ရောင်းချချိန် ဈေးကောင်းရရန် မျှော်လင့်
Jan 31,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် နနွင်းကို ရရှိသည့်မြေနေရာပေါ်မူတည်၍ စိုက်ပျိုးထားရှိကြရာ ယခုနှစ်တွင် နနွင်းတက်များကို ဆောလျင်စွာ တူးဖော်ရောင်းချနေခဲ့ကြသော်လည်း ယမန်နှစ်ထက် နနွင်းတူးဖော်ချိန်တွင် ဈေး ကောင်းမရရှိသောကြောင့် နနွင်းစိုက်ပျိုးသူ တောင်သူများအနေဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိနေကြောင်း သိရသည်။