ချမ်းမြသာစည် ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စုမှ ရဲမှူးနိုင်အောင်ခိုင်ဦးဆောင်ပြီး တာဝန်ရှိသူအသီးသီးက မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေး၊ ယာဉ်အန္တရာယ် ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စုမှ ရဲမှူး နိုင်အောင်ခိုင်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့