ပြည်ကြီးတံခွန် ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၂၅ ကျောင်းတွင် ပညာသင်ယူနေကြသော ကျောင်းသား/ ကျောင်းသူ ၁၇၄၆ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ဇန်နဝါရီ ၂၆ ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ အဆိုပါမြို့နယ်ရှိ အ.ထ.က(၂၇)ကျောင်း၊ အောင်တံခွန်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းတွင်း အာဟာရကျွေးမွေးသည့်နေရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နော်မြတ်မိုးဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အ.ထ.က (၂၇) ကျောင်းအုပ် ဆရာကြီး ဒေါက်တာအောင် သက်ဆွေနှင့် ဆရာဆရာမများက အ.ထ.က (၂၇) ကျောင်းရှိ KG တန်းတွင် ပညာသင်ကြား နေကြသော ကျောင်းသား/ ကျောင်းသူ (၁၃၇) ဦးအား အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်သည်။ အလားတူ မြို့နယ်အတွင်းရှိ အခြားအခြေခံပညာကျောင်းပေါင်း (၂၄) ကျောင်းမှ KG (၁၆၀၇) ဦးအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)