သတင်းများ

တံတားမြို့၊ ပန်းချောင်းကျေးရွာ၊ အ.မ.က(မူလွန်)ကျောင်းတွင် (၇၈)နှစ်မြောက် ပြည်တောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Feb 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပန်းချောင်းကျေးရွာ၊ အ.မ.က (မူလွန်) ကျောင်းတွင် (၇၈) နှစ်မြောက် ပြည်တောင်စု‌နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်
Feb 05,2025
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲများကျင်းပ
Feb 05,2025
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်၍ (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဂိမ်းပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီအချိန်က စစ်ကိုင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အခြေခံအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Feb 05,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အခြေခံအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုးညှင်းတက္ကသိုလ်၌ တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Feb 05,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် (၉)နာရီမှစတင်၍ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ အသက် ၇၅ နှစ်မှ အသက် ၁၀၀ နှစ်အထိ ပြည့်ပြီးသူ အဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ
Feb 05,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ အသက် ၇၅ နှစ်မှ အသက် ၁၀၀ နှစ်အထိ ပြည့်ပြီးသူအဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ပေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်အထိ မြို့နယ်စစ်မှုထမ်းဟောင်းရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့၌ (KG) ကျောင်းသား/သူများအား အာဟာရကျွေးမွေးခြင်းဆောင်ရွက်
Feb 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင်  ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားသင်ယူနေသည့် (KG) ကျောင်းသား/သူများအား ပထမအကြိမ်အဖြစ် အာဟာရကျွေးမွေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။         
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသ
Feb 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစာင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။