တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်

ထားဝယ် ဇန်နဝါရီ ၅

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း နိုင်ငံတော်က ခွဲဝေသတ်မှတ်ပေးထားသော ဘဏ္ဍာရန်ပုံငွေနှင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ သတ်မှတ်စံချိန်းစံညွှန်း ပြည့်ဝစေရေးအတွက်ကို ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ် ကြောင်း၊  တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက်ကို ညှိနှိုင်းရခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ တာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ကုမ္ပဏီ၊ လုပ်ငန်းရှင်များက ဆောင်ရွက်နေသည့် လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး၊ သတ်မှတ်စံချိန်းစံညွှန်းနှင့် ကိုက်ညီစေရးဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများသည် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဒေသဖွံဖြိုးရေးအတွက် လိုအပ်သည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သည့်အခါတွင် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်းကာ အောင်မြင်အောင် သတ်မှတ်ကာလအတွင်း ပြီးစီးရေးဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေ အနေများ၊ ဆောင်ရွက်နေဆဲလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)