သတင်းများ

မြောင်းမြမြို့၌ မွေးစမှ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Feb 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများစဥ်ဆက်မပြတ် ဆောင်ရွက်
Feb 05,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်  စည်ပင်သာယာရေးအဖွဲ့က. ပြည်သူများမှစည်းကမ်းရှိစွာ အမှိုက်များစွန့်ပစ်သည့်  အလေ့အကျင့်ကောင်းများရှိစေရန်  မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်လှပစေရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ  အရှိန်အဟုန်မပျက် လုပ်ငန်းများစဥ်ဆက်မပြတ်  ဆောင်ရွက်လျက်ရှိသည်။
ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအား ကာကွယ်ဆေးတိုက်ကျွေးခြင်းများ ဆက်လက်ဆောင်ရွက်
Feb 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Feb 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက် (၉) နာရီအချိန်က အ.လ.က(၁)လမ်းမတော်၊ မြမာလာခန်းမကျင်းပခဲ့သည်။
မုံရွာမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ e.cigarettes (သို့မဟုတ်) vape နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 05,2025
မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မုံရွာမြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအသိပညာတိုး ပွားစေရေးအတွက် ရည်ရွယ်ပြီး e.cigarettes (သို့မဟုတ်) vape နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မရမ်းကုန်းမြို့နယ် အ.ထ.က(၃)တွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Feb 05,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စိန်ပန်းမြိုင်ခန်းမ၌ ကျင်းပသည်။
မဟာအောင်မြေမြို့နယ်တွင် မဟာအောင်မြေမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 05,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အမှတ် (၃၀) အခြေခံပညာ မူလတန်းကျောင်း၌ ယနေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
သထုံမြို့နယ်အတွင်း စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းဖွင့်လှစ်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး
Feb 05,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ အဆိုပါစာသင်ဝိုင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူတို့မှ ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။