မိတ္ထီလာ ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ အသက် ၇၅ နှစ်မှ အသက် ၁၀၀ နှစ်အထိ ပြည့်ပြီးသူအဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ပေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်အထိ မြို့နယ်စစ်မှုထမ်းဟောင်းရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ် ဗဟိုကောင်စီဝင် ဗိုလ်မှူးကြီး မောင်မောင်ရှင်(ငြိမ်း)က ထောက်ပံ့ငွေပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ် ဗဟိုကောင်စီဝင် ဗိုလ်မှူးကြီး မောင်မောင်ရှင်(ငြိမ်း)နှင့် တာဝန်ရှိသူများက အသက် ၇၅ နှစ်မှ အသက် ၁၀၀ နှစ်အထိ ပြည့်ပြီးသူအဖွဲ့ဝင်များအား ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့သည်။ ၎င်းပေးအပ်ပွဲတွင် အသက်(၇၅)နှစ် ပြည့်ပြီးသူများအား မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ချုပ်မှ တစ်ဦးလျှင် ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်၊ မန္တလေးတိုင်းဒေသကြီး(စည်ပင်ပြင်ပ) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှတစ်ဦးလျှင် ထောက်ပံ့ငွေ (၂၅၀၀၀)ကျပ်၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ တစ်ဦးလျှင် ထောက်ပံ့ငွေ (၁၀၀၀၀) ကျပ်အား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းအပြင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ်မှ အသက် (၈၀)နှစ်၊ အသက် (၈၅)နှစ်၊ အသက် (၉၅)နှစ်ပြည့်ပြီးသူများအား တစ်ဦးလျှင် ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်အား အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ်မှ တစ်ဦးလျှင် ထောက်ပံ့ငွေ ၅၀၀၀၀နှုန်းဖြင့် အဖွဲ့ဝင် (၁၃၁)ဦးအတွက် ထောက်ပံ့ငွေ ၆၅၅၀၀၀၀ ကျပ်၊ မန္တလေးတိုင်းဒေသကြီး(စည်ပင်ပြင်ပ) စစ်မှုထမ်း ဟောင်းကြီးကြပ်ရေးအဖွဲ့မှ အသက် (၇၅)နှစ်ပြည့်ပြီးသူ တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀ နှုန်းဖြင့် အဖွဲ့ဝင် (၄၂)ဦးအား ထောက်ပံ့ငွေ ၁၀၅၀၀၀၀ ကျပ် နှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ အသက် (၇၅)နှစ်ပြည့်ပြီးသူ တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် အဖွဲ့ဝင် (၄၂)ဦးအား ထောက်ပံ့ငွေ ၄၂၀၀၀၀ ကျပ်တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)