သတင်းများ

ထားဝယ်မြို့တွင် အသိပညာပေးဟောပြောပွဲကျင်းပ
Feb 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် Polytechnic University တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ Polytechnic University ၌ကျင်းပခဲ့သည်။
ကဝမြို့နယ်၌ လေပြင်းဒဏ်ခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ညှိနှိုင်း‌ဆွေးနွေးပွဲကျင်းပ
Feb 05,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဒဏ်ခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်၊ မင်းရပ်ရပ်ကွက်တွင် အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးများ တိုက်ကျွေး
Feb 05,2025
မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးများ တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက မင်းရပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရပ်စောက်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ကွင်းဆင်းဆောင်‌ရွက်
Feb 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီက မြိုနယ်အတွင်းရှိရုံးများသို့ ကွင်းဆင်း၍ အခမဲ့ငှားရမ်းပေးကြောင်း သိရသည်။
အ.မ.က(တည်သီးပြင်)၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ​နံရံကပ်စာ​စောင်နှင့် စာအုပ်ပြပွဲ​ကျင်းပ
Feb 05,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ​နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ​ကို ယနေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
 ကျောက်ဆည်မြို့နယ် အမှတ်(၁၃)  အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ
Feb 05,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အမှတ်(၁၃)အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ(၁) နာရီက စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ
Feb 05,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌  ကျောင်းသားလူငယ်များအတွင်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရှင်သန်ထက်မြက်ရေး၊ အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်လိုသည့်စိတ်ဓာတ်နှင့် ပြည်ထောင်စုမပြိုကွဲရေး စိတ်ဓာတ်များ ထက်မြက်မှန်ကန်မြင့်မားစေရေးရည်ရွယ်ချက်တို့ဖြင့်  (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆောင်ပါးပြိုင်ပွဲစသည့် ပြိုင်ပွဲ ၄ မျိုးကို ယနေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်
Feb 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ် (၁) နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။