သတင်းများ

ရေကြည်မြို့နယ်တွင် ကလေးသူငယ်များအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အ.မ.က (ဘုရားကြီးကုန်း)ကျောင်းခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က (၂၀၂၄-၂၀၂၅) ပညာသင်နှစ်  ကလေးသူငယ်များ အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံသင်တန်း) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 05,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံသင်တန်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော် တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချို၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေး၊ ဥတ္တရခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်၊ ဥတ္တရခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များ၊ ဥတ္တရသီရိမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမောင်ချိုနှင့်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ ရပ်‌ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
နတ်တလင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Feb 05,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(ခွဲ)ရှမ်းကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သာစည်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများပြီးစီးမှု ကွင်းဆင်းကြည့်ရှု
Feb 05,2025
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းကျေးရွာများ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းအတိုးရငွေ ၅၀ ရာခိုင်းနှုန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ဖေဖော်ဝါရီ ၄ ရက်က မြို့နယ်မှတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (မော်လမြိုင်)တို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ပေးနေမှုများအား ကြည့်ရှုအားပေး
Feb 05,2025
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ​ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင် စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
သင်္ဃန်းကျွန်းမြို့နယ် ပညာရေးဒီဂရီကောလိပ်၌ အားကစားပြိုင်ပွဲများ ကျင်းပ
Feb 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ယနေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ငပုဝောာမြို့နယ်၌ အသက်၁၈နှစ်နှင့်အထက် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စိစစ်ကောက်ယူခြင်းများဆောင်ရွက်
Feb 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် တမန်ချောင်းကျေးရွာအုပ်စုနှင့် ဟင်းအိုးချောင်းကျေးရွာအုပ်စုတို့တွင် အသက် ၁၈ နှစ်နှင့် အထက်လူဦးရေ စာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စိစစ်ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Feb 05,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြသည်။