သတင်းများ

တံတားဦးမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မွေးကင်းစမှစတင်၍ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့်  ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Feb 05,2025
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးလုပ်ငန်းကို တံတားဦးမြို့ပေါ်ရှိ ရပ်ကွက် (၁၊ ၂၊ ၃)အုပ်အုစုများမှ ရပ်ကွက်များအတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ယနေ့နံနက်ပိုင်းက အမှတ် (၁၊ ၂၊ ၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အသီးသီးတွင် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကျောင်းတွင်း အာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Feb 05,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်မိအခြေခံပညာရေးဦးစီး ဌာနတို့ပူးပေါင်း၍ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဖြူးမြို့နယ်၌ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေး မီးငြှိမ်းသတ်ခြင်းသရုပ်ပြ
Feb 05,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား မီးဘေးလုံခြုံရေးအသိပညာများရရှိစေရေးအတွက် စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေး၍ မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်
Feb 05,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့နှင့် Youth Club အဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာဖေမြင့် ရေးသားသော သင့်စိတ်သင့် အတွေးအကြံများ အတိုင်းသာ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့သည်။ စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
တွံတေးမြို့နယ် အားမာန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ကျိုက်သလဲကျေးရွာအုပ်စု၊ ကျိုက်သလဲကျေးရွာရှိ အားမာန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းမှ အခြေခံပညာကျောင်း ၂၆၃ ကျောင်းရှိ KG တန်းမှ ကျောင်းသား/သူများအား တတိယအကြိမ်ကျောင်းတွင်းအာဟာရကျွေးမွေးမှု ဆောင်ရွက်
Feb 05,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၂၆၃ ကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသူကျောင်းသား ၄၈၄၆ ဦးအား  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၏ ဒုတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးမှုကို ယနေ့ နံနက် ၁ဝ နာရီအချိန်က အ.ထ.က (ချည်စက်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Feb 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၊ မြို့မတဲကြီးကုန်း အုပ်စုနှင့်ညောင်မြစ်ဆွဲကျေးရွာအုပ်စုတို့၌ ယနေ့နံနက်က အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီ(၂၈၆၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့၊ အ-မ-က-အောက်ကင်းအရှေ့ကျောင်းသူ၊ ကျောင်းသားများအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်များ ပြသခြင်းများဆောင်ရွက်
Feb 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အောက်ကင်းအရှေ့ရွာ-အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက်၊ပြည်ထောင်စုနေ့အကြိုနှင့် စာဖတ်ရှိန်မြင့်တက်စေရေးဟောပြောခြင်း၊ ပညာပေးနံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ KG အတန်းမှ Grade-5 အတန်းအထိ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။