မိတ္ထီလာ ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အခြေခံအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အခြေခံအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို မိတ္ထီလာမြို့နယ်စာရေးအသင်းဥက္ကဋ္ဌ စာရေးဆရာ တင်တော်က ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများက “ပြည်ထောင်စု အမွေထိန်းသိမ်းစို့ ဝိုင်းဝန်းကာကွယ်စို့” “ သွေးစည်းကြစေညီနောင်တွေ” “ပင်လုံသက်သေတို့မြန်ပြေ မသွေလွတ်လပ်ထိန်းသိမ်းအပ်” စသည့် ခေါင်းစဉ်များအား မဲနှိုက်၍ ကျရာခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အခြေခံအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ၎င်းပြိုင်ပွဲကို မိတ္ထီလာမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသားကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)