မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ထောက်ပံ့လှူဒါန်းသည့် အခြေခံ စားသောက်ကုန်ပစ္စည်းများနှင့် အဝတ်အထည်များကို တိုင်းဒေသကြီးအတွင်း ရေဘေးသင့်သူများ ထံသို့ထောက်ပံ့ပေးအပ်
Oct 03,2024
ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုများပြားသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ရေဘေးသင့်သူများအား အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်များ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ထောက်ပံ့လှူဒါန်းသည့် အခြေခံစားသောက်ကုန်များနှင့် အဝတ်အထည်များကို မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တံတားဦးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်ရှိ မြို့နယ်များသို့သွားရောက်ပြီး ရေဘေးသင့်သူများနှင့် တွေ့ဆုံအားပေးစကားများပြောကြား၍ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။