သတင်းများ

ကျွန်းစုမြို့တွင် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 27,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း စားသောက်ဆိုင်များရောင်းချနေမှုများကို ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် မြို့နယ်အဆင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် စံပြမိခင်ရွေးချယ်ခြင်းနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်
Aug 27,2020
မြို့နယ်အဆင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် စံပြမိခင်ရွေးချယ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်​နေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လမ်းခင်းခြင်း၊ မြေသားပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်
Aug 27,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အမှတ်(၁၉)ရပ်ကွက် သော်ကလမ်း၊
မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) ဖြင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေများပေးအပ်
Aug 27,2020
မိုးကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁၂ နာရီခွဲက မိုးကုတ်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ
Aug 27,2020
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အစားထိုးခန့်အပ် တာဝန်ပေး နိုင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အမည်စာရင်းတင်သွင်းမှုကို ယမန်နေ့ နံနက်(၁၀)နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းဝေးခန်းမ၌ ကျင်းပသည့် ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
ကျိုက်ဒုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ်များအား ထောက်ပံ့
Aug 27,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယမန်နေ့ နေ့လယ် ၁၁ နာရီက၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ်များအတွက် တစ်ဦးလျှင်ငွေ (၄၅၀၀၀) ကျပ်တိတိ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု မြန်ဆန်လာသောကြောင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ စျေးများ၏ ပြင်ဆင်ထားရှိမှု အခြေအနေများအား တွေ့ဆုံဆွေးနွေး
Aug 27,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေ ရေး ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ စျေးများ၏ ပြင်ဆင်ထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းတည့်(၁၂)နာရီအချိန်က ​တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူ များအား နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး
Aug 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး နှင့် ကြိုတင် ကာကွယ်နိုင်စေရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း(Mask) များ တပ်ဆင်ခြင်း ရှိ/မရှိကို ယနေ့နံနက် ၇ နာရီအချိန်က ကုန်းခါးရပ်ကွက် လမ်းဆုံပန်းခြံတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။