ဒဂုံတောင် သြဂုတ် ၂၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေး အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ စျေးများ၏ ပြင်ဆင်ထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းတည့် (၁၂) နာရီအချိန်က တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီနာယက တိုင်းဒေသကြီး အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၊ တိုင်းဒေသကြီး အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ် ရေးမှူး ဦးဖြိုးဝေမောင်နှင့် တာဝန်ရှိသူများသည် မြို့နယ်စည်ပင်ရုံး အစည်းအဝေးခန်းမတွင် စည်ပင်စျေးများ ဌာနအောက်ရှိ စျေး တာဝန်ခံများနှင့် တွေ့ဆုံခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်း များလာသည့်အတွက် ကြိုတင်ကာကွယ်ရေး ပြင်ဆင် ထားရှိ ရန်သည့် အခြေအနေများ၊ စျေးသူ၊ စျေးသားများနှင့် စျေးဝယ်များ နှာခေါင်းစည်း တပ်ဆင်သွားလာရေး၊ လူပေါင်းစုံ ဝင်ထွက် သွားလာ သော နေရာဖြစ်သဖြင့် ကာကွယ်နိုင် သည့် နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးဆောင်ရွက်ထားရှိရန် တွေ့ဆုံညှိနှိုင်းခဲ့ကြကာ မြို့နယ် ကိုဗစ်-၁၉ ကော်မတီမှ စျေးများအလိုက် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် စည်ပင်သာယာရေးကော်မတီသို့ နှာခေါင်းစည်း(Mask) (၂၄၀၀) ခွဲဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)