ကျောက်ကြီးမြို့နယ်၌ ဖွင့်လှစ်ထားသော အထက်တန်းအဆင့် စာသင်ကျောင်းများ ယာယီပိတ်
Aug 27,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်−ကျောက်ကြီးမြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဇူလိုင်လ (၂၁) ရက်နေ့မှ စတင်၍ Covid-19 ရောဂါကာကွယ်တားဆီးရေးနှင့် ဘေးကင်း လုံခြုံစွာ ဖွင့်လှစ်နိုင်ရေးအတွက် ဆန်းစစ်ချက်(A)အဆင့်ရရှိသော အထကကျောင်း(၅) ကျောင်းနှင့် အထက-ခွဲ (၁၂) ကျောင်း စုစုပေါင်း(၁၇) ကျောင်းတို့ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုအခါ Covid-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအတွက် ကျောင်းများကို ယာယီပိတ်ထားရန် တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားလာသောကြောင့် သြဂုတ်လ(၂၇)ရက် စ၍ ယာယီပိတ်ခဲ့ ကြောင်း သိရသည်။