ပုသိမ်မြို့၊ ကမ်းနီကျေးရွာတွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လက်သန့်ဆေးရည် ပြုလုပ်နည်း သင်တန်းဖွင့်
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မူလက်မူ လုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ကာလအလွန် စီးပွားရေး ပြန်လည် ကုစားရေး အစီစဉ်အရ အလုပ်ကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းနှင့် အသက်မွေး ဝမ်းကြောင်းဆိုင်ရာ လက်သန့်ဆေးရည် ပြုလုပ်နည်း သင်တန်းကို ပုသိမ်မြို့ ကမ်းနီကျေးရွာအုပ်စု ကမ်းနီဖျား ကျေးရွာရှိ ငြိမ်းချမ်းသာယာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက် ၉ နာရီ က ဖွင့်လှစ်ရာ တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူး၊ ကမ်းနီဖျား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်း၊ မြန်မာဆဲလ်မား အူးလ်အွန်ဒုံ ကျေးလက်ဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖွဲ့ ဥက္ကဋ္ဌ ဦးစံသိန်းနှင့်ရပ်ကျေးအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။