သတင်းများ

ဖောင်းပြင်မြို့နယ်တွင် SRI စိုက်ပျိုးနည်းစနစ်ဖြင့် စံပြကွက်ကို နည်းပညာပေး ပြသစိုက်ပျိုး
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက SRI စိုက်ပျိုးနည်း စနစ်ဖြင့် ဆင်းသုခစပါးမျိုး စံပြကွက်အား နည်းပညာပေး စိုက်ပျိုးပြသခြင်းကို စန္ဒားနည်းပညာပြန့်ပွား ရေးစင်တာနယ်မြေရှိ မန်မော်ကျေးရွာ၊ ကွင်းအမှတ် (၃၇၁/က)၊ တောင်သူ ဦးအောင်ကြည်ဆွေ၏ လယ်မြေ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်စိုက်ပျိုး ခဲ့ကြောင်းသိရသည်။
ချောင်းသာမြို့၌ မီးကာဝတ်စုံနှင့် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများပေးအပ်
Aug 27,2020
ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ မီးကာဝတ်စုံနှင့် ရှာဖွေကယ်ဆယ်ရေး ဝတ်စုံများပေးအပ်ခြင်းကို မြို့နယ်စုပေါင်းရုံးခန်းမဆောင်၌ ယနေ့ နံနက် ၁၁ နာရီတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းခွဲများအား လွှဲ​ပြောင်း​ပေးအပ်
Aug 27,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) တွင် စီမံကိန်းလုပ်ငန်းခွဲများအား သက်ဆိုင်ရာဌာနသို့ လွှဲ​ပြောင်းအပ်နှံခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်း ဆောင်ရွက်မည့် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်
Aug 27,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ၂၀၂၀ ပြည့်နှစ် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်မည့် တောင်သူများ အား ပထမအကြိမ်မျိုးစေ့ဘိုးနှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျိုင်းလပ်မြို့၌ ကလေးငယ်များအား ဆုံဆို့နာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်
Aug 27,2020
ရှမ်းပြည်နယ် (အ‌ရှေပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ နမ့်ငေါ့ကျေးလက်ကျန်းမာရေးဦးစီးဌာန ခွဲမှ အသက် ၁နှစ်မှ ၁၅ နှစ်‌အောက်အရွယ် ကလေးများအား ဆုံဆို့နာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်၉ နာရီအချိန် က အမှတ်(၃)ရပ်ကွက် ၀မ်ကျင်းဘုန်း‌ကြီးကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့၌ စပါးခင်းများအတွင်း ငါးမျိုးကောင်ရေ တစ်သိန်းကျော် စိုက်ထည့်
Aug 27,2020
ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရေးနှင့် ငါးသယံဇာတများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် စပါးခင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
မင်းဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ
Aug 27,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲ အချိန်က မင်းဘူးမြို့ မြောက်လှည်းကောက် အဝိုင်း ပတ်နှင့် ခရိုင်ပြည်သူ့အားကစားကွင်းရှေ့တို့တွင် အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဗိုလ်တထောင်​မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 27,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်​မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ကိုဗစ်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။