ဒဂုံတောင် ဩဂုတ် ၂၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ အမှတ်(၁၉)ရပ်ကွက် သော်ကလမ်း၊ မေတ္တာရှင်လမ်း၊ ခတ္တာလမ်း ခင်းကျင်းနေမှုအခြေအနေများ၏ လမ်း အရည်အသွေး ကောင်းမွန်ရေး ဆောင်ရွက် ထားရှိမှုများ၊ အမှတ်(၁၀၆)ရပ်ကွက် မာဃလမ်းခင်းနိုင်ရေးအတွက် မြေသားပြုပြင်ရေး လုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းတည့်(၁၂)နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ သည်။
ထိုသို့ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးညီညီ၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်တို့ကဦးဆောင်၍ လမ်းများ ဆောက်လုပ်သည့်အခါ သတ်မှတ် ဘဏ္ဍာရေးနှစ် အတွင်း သတ်မှတ်စံချိန်စံညွှန်းနှင့် ညီညွတ်အောင် ဆောင်ရွက်ရေး အထူးဂရုပြု ဆောင်ရွက်ကြရန်နှင့် အရည်အသွေး ကောင်းမွန်အောင် အထူးအလေးထား ဆောင်ရွက်ရန် ပြောကြား ခဲ့ကြောင်းသိရသည်။
ထို့နောက် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ တွေ့ဆုံဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)