ကျိုက်ဒုံ ဩဂုတ် ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယမန်နေ့ နေ့လယ် ၁၁ နာရီက၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ်များအတွက် တစ်ဦးလျှင်ငွေ (၄၅၀၀၀) ကျပ်တိတိ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် တတိယ (၃) လပတ်အတွက် ကျိုက်ဒုံဒေသရှိ ကိုယ်ဝန်ဆောင်မိခင် (၅၄၀) ဦး၊ အသက် (၂) နှစ်အောက် ကလေးငယ် (၉၁၁) ဦး၊ စုစုပေါင်း (၁၄၅၁) ဦးအတွက် ထောက်ပံ့ငွေ (၆၅ဒသမ၂၉၅) သန်း၊ စတုတ္ထ (၃) လပတ်အတွက် ကိုယ်ဝန်ဆောင်မိခင် (၅၇၅) ဦး၊ အသက် (၂) နှစ်အောက် ကလေးငယ် (၁၁၂၉) ဦး၊ စုစုပေါင်းဦးရေ (၁၇၀၄) ဦးအတွက် ထောက်ပံ့ငွေ (၇၆ဒသမ၆၈) သန်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ထောက်ပံ့ငွေများကို ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်မှ မြို့ပေါ်/ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာမြို့ပေါ်/ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက တတိယ (၃) လပတ်နှင့် စတုတ္ထ (၃) လပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလျှင် ငွေ (၉၀၀၀၀) ကျပ်၊ အသက် (၂) နှစ်အောက်ကလေးတစ်ဦးလျှင်ငွေ (၉၀၀၀၀) ကျပ်၊ စတုတ္ထ (၃) လပတ်တွင် ထပ်တိုး သည့် ကိုယ်ဝန်ဆောင်မိခင်များအတွက် တစ်ဦးလျှင် ငွေ(၄၅၀၀၀)ကျပ်၊ အသက် (၂) နှစ်အောက် ကလေးငယ်တစ်ဦးလျှင် ငွေ (၄၅၀၀၀) ကျပ်တိတိအား သက်ဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွားများသို့သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်