မဘိမ်း ဩဂုတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး နှင့် ကြိုတင် ကာကွယ်နိုင်စေရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း(Mask) များ တပ်ဆင်ခြင်း ရှိ/မရှိကို ယနေ့နံနက် ၇ နာရီအချိန်က ကုန်းခါးရပ်ကွက် လမ်းဆုံပန်းခြံတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ် ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ ဝင်များက လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း(Mask) များ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး ပြီး Mask တပ်ဆင်ခြင်းမရှိသည့် ပြည်သူများကို Mask များ ချက် ချင်းဝယ်ယူ တပ်ဆင် စေပြီး ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွား ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)