သတင်းများ

ဘားအံမြို့ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ကိုဗစ်-၁၉ အသိပညာပေးဆောင်ရွက်
Aug 27,2020
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်လာ၍ အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှုဖြစ်ပွားမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း (၈) ခုဖွင့်လှစ်ထားရှိရာ ယမန်နေ့ မိုးလုံလေလုံ အားကစားရုံရေဘေးစခန်းနှင့် ရွှေရင်မျှော်ရေဘေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါအသိပညာပေးခြင်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာမိုးညဲမြို့၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရန်အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်
Aug 27,2020
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် တိကျမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းနှင့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရန် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့က ယနေ့နံနက်ပိုင်းက စတင်ပြီး ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာများသို့ အိမ်တိုင်ရာရောက် စစ်ဆေးမှုများ ဆောင်ရွက် ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း‌အဝေးကျင်းပ
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပသည်။
ကော့ကရိတ်မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်
Aug 27,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကိုဗစ် -၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အမှတ် ၃ ရပ်ကွက် မြို့မရဲစခန်းလမ်းထောင့်တွင် ပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
Aug 27,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျွန်းကလေးကားဂိတ်ရှိ စား သောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းများနှင့် အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီ အဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျွန်းစုမြို့တွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင်ကျန်ရှိမှုမရှိစေရေး တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး
Aug 27,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူအားလုံးမဲပေးနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင်ကျန်ရှိမှုများမရှိစေရေးအတွက် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 27,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၂ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်ဦး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွေးနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဦးစီးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြ သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေး​သောနေရာများသို့ လျှပ်စစ်မီးရရှိရေး ကွင်းဆင်းဆောင်ရွက်
Aug 27,2020
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ရှမ်းတဲကြီး ကျေးရွာ ဆည်မြောင်းအပိုင်ရှိ အိမ်ခြေ ၈၀ ခန့် လျှပ်စစ်မီးရရှိ​ရေးအတွက် အကူအညီ​တောင်းခံလာမှု အား ယမန်နေ့ ညနေ (၄)နာရီအချိန်က အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ မြို့နယ်လျှပ်စစ်တာဝန်ခံ၊ စည်ပင် သာယာ​ကော်မတီအဖွဲ့ဝင် ဦးထိန်လင်း၊ မြို့နယ်နှင့်ရပ်​ကျေးအဖွဲ့ချုပ် ခေါင်း​ဆောင်များ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။