ခိုင်ကမ်းမြို့နယ်အတွင်း တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်းစိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Aug 27,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ခိုင်ကမ်းမြို့အတွင်း မဲစာရင်းပြည့်စုံမှန်ကန်မှုရှိရေးတို့အတွက် တီးတိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် နှစ်ဦးနှင့်အတူ မြို့အုပ်ချုပ်ရေးမှူး ခိုင်ကမ်းမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်အတူ Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း မဲစာရင်း စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။