သတင်းများ

ယင်းမာပင်ခရိုင်၊ ပုလဲမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာ ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် MASK တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်
Aug 27,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် MASK တပ်ဆင်သွားလာရေး အသိပညာပေးခြင်းကို ယနေ့နံနက်(၇)နာရီ က မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ကိုဗစ်−၁၉ ရောဂါ ပြည်တွင်းကူးစက်မှု မြင့်မားလာခြင်းကြောင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အတွင်းရှိ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် အရေးပေါ် အစည်းအဝေး ကျင်းပ
Aug 27,2020
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု ပြန်လည်မြင့်မားလာခြင်းကြောင့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက ကြိုတင်ကာကွယ်ရေး
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများနှင့်အတူ Mask အခုရေ (၁၀၀၀) အား ပြည်သူများထံ ဖြန့်ဝေပေး
Aug 27,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများအားလုံး ကိုဗစ်-၁၉ ကူးစက်ခံရ ခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးခြင်းနှင့် Mask တပ်ဆင်မှုရှိစေရေးတို့ကို အလေး ထား၍ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့ နံနက် ၈ နာရီ အချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာ စျေးများဖြစ်သည့် မင်္ဂလာတောင်ညွန့်စျေးနှင့် စံပြစျေးများ အတွင်းရှိ စျေးရောင်း ချနေသူများနှင့် စျေးလာ ဝယ်သူပြည်သူများအား အသိပညာပေးခြင်းနှင့် Mask အခုရေ (၁၀၀၀) အား အခမဲ့ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက် ပေးခဲ့ကြသည်။
မြစ်သား၌ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Aug 27,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ပြည်လုံးအံ့ကျေးရွာ၊ စမြောင်ကျေးရွာတို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ် Cash for Work စီမံကိန်းဖြင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ကျေးရွာတွင်းလမ်းဂျင်းခင်းခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မဘိမ်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သော လဝါကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ) သို့ ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် လဝါကျေးရွာတွင် ဩဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်ပွား၍ သဘာဝဘေးသင့်ခဲ့သော အခြေခံပညာအထက် တန်းကျောင်း(ခွဲ)သို့ ယမန်နေ့ ညနေ ၂ နာရီ ၅၀ မိနစ်အချိန်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဟိုင်းကြီးကျွန်း၌ မြို့ရှောင်လမ်းမြေသားများ ရေတိုက်စား၍ အချိန်မီပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့ကို ဖြတ်ကျော် တည်ဆောက်ထားသော မြို့ရှောင်လမ်း၏ ကွန်ကရစ်ခင်းထားသော လမ်းအောက်ဖက်မြေသားများ ရေတိုက်စား၍ ပြိုကျမှုများ တဖြည်းဖြည်း များလာခြင်းကြောင့် ဟိုင်းကြီးကျွန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက ဦးဆောင်၍ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ စည်ပင်သာယာရေးဝန်ထမ်းများဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် စတင်ကာ အချိန်မီပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြောင်းသိရသည်။
မြောင်မြို့နယ် သမဝါယမဦးစီးဌာနက EXIM Bank ချေးငွေမှ စုဆောင်းငွေပေါ် အတိုးများအား ထုတ်ပေး
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် အခြေခံ မဝါယမ အသင်းသူ အသင်းသား​​​ တောင်သူများအား EXIM Bank စုဆောင်းငွေမှ ရရှိလာသည့် အတိုးပေါ် မှ ထုတ်ပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်သမဝါယမအသင်းစု ခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။